Zen Burma

Our Story

"အေးချမ်းမှုနှင့် ခမ်းနားထည်ဝါမှုကိုနေအိမ်တိုင်းသို့ သယ်ဆောင်ပေးခြင်း"

မင်္ဂလာပါ ခင်ဗျာ။ ကျွန်တော်ကတော့ Zen Burma ကို ကိုယ်တိုင်ရေးသားဖန်တီးပြီး ဦးဆောင်နေတဲ့ ဝေယံဖြိုးဦး ဖြစ်ပါတယ်။

ဒီ Website လေးကို စတင်ဖြစ်ခဲ့တဲ့ အဓိက ရည်ရွယ်ချက်ကတော့... ကိုယ်တိုင် မြတ်နိုးတန်ဖိုးထားတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေ၊ နိဗ္ဗာန်ကုန် ပစ္စည်းတွေနဲ့ သေသပ်လှပတဲ့ လက်မှုအနုပညာတွေကို လူတိုင်း အလွယ်တကူ တနေရာတည်းမှာ အပြည့်အစုံ ကြည့်ရှုရွေးချယ် ဝယ်ယူနိုင်တဲ့ Digital နေရာလေး တစ်ခု ဖန်တီးချင်လို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော် ကျွမ်းကျင်တဲ့ နည်းပညာတွေကို အသုံးပြုပြီး ဒီ Zen Burma ကို လုံခြုံစိတ်ချရတဲ့၊ မြန်ဆန်ပြီး အသုံးပြုရ လွယ်ကူတဲ့ နေရာလေးဖြစ်အောင် ကိုယ်တိုင် ကိုယ်ကျ တည်ဆောက်ခဲ့တာပါ။

Wai Yan Phyoe Oo - Founder

FOUNDER

Wai Yan Phyoe Oo

"ဒီ Website မှာ တင်ထားတဲ့ ပစ္စည်းတိုင်းကို ကိုယ်တိုင် ရွေးချယ်ပြီး တိုက်ရိုက် ရောင်းချပေးနေတာမို့ အရည်အသွေးပိုင်းအတွက် အပြည့်အဝ ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးနိုင်ပါတယ် ခင်ဗျာ။"

Direct Supply Quality Assured

အဆင့်မြင့် လက်ရာမွန်

အသေးစိတ်ကျသော လက်မှုပညာနှင့် အရည်အသွေး အကောင်းဆုံး ကုန်ကြမ်းများကိုသာ ရွေးချယ် အသုံးပြုထားပါသည်။

တည်ငြိမ်အေးချမ်းမှု

နေအိမ်နှင့် ဘုရားခန်း၏ ပတ်ဝန်းကျင်ကို ပိုမိုအေးချမ်းစေပြီး စိတ်ကြည်လင်မှုကို ဖြစ်ပေါ်စေမည့် ဒီဇိုင်းများသာ ဖြစ်ပါသည်။

ခေတ်အဆက်ဆက် တန်ဖိုး

နောင်နှစ်ပေါင်းများစွာတိုင်အောင် တန်ဖိုးထားသိမ်းဆည်းနိုင်သော ဂန္ထဝင်မြောက်သည့် လက်ရာများ ဖြစ်ပါသည်။

Telegram