Zen Burma ၏ နောက်ကွယ်မှ ဖန်တီးသူ
မင်္ဂလာပါ ခင်ဗျာ
ကျွန်တော်ကတော့ Zen Burma ကို ကိုယ်တိုင်ရေးသားဖန်တီးပြီး ဦးဆောင်နေတဲ့ ဝေယံဖြိုးဦး ဖြစ်ပါတယ်။
ဒီ Website လေးကို စတင်ဖြစ်ခဲ့တဲ့ အဓိက ရည်ရွယ်ချက်ကတော့... ကိုယ်တိုင် မြတ်နိုးတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေ၊ နိဗ္ဗာန်ကုန် ပစ္စည်းတွေနဲ့ သေသပ်လှပတဲ့ လက်မှုအနုပညာတွေကို လူတိုင်း အလွယ်တကူ တနေရာတည်းမှာ အပြည့်အစုံ ကြည့်ရှုရွေးချယ် ဝယ်ယူနိုင်တဲ့ Digital နေရာလေး တစ်ခု ဖန်တီးချင်လို့ပဲ ဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော် ကျွမ်းကျင်တဲ့ နည်းပညာတွေကို အသုံးပြုပြီး ဒီ Zen Burma ကို လုံခြုံစိတ်ချရတဲ့၊ မြန်ဆန်ပြီး အသုံးပြုရ လွယ်ကူတဲ့ နေရာလေးဖြစ်အောင် ကိုယ်တိုင် ကိုယ်ကျ တည်ဆောက်ခဲ့တာပါ။
"ဒီ Website မှာ တင်ထားတဲ့ ပစ္စည်းတိုင်းကို ကိုယ်တိုင် ရွေးချယ်ပြီး တိုက်ရိုက် ရောင်းချပေးနေတာမို့ အရည်အသွေးပိုင်းအတွက် အပြည့်အဝ ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးနိုင်ပါတယ် ခင်ဗျာ။"